# မုန့်ဟင်းခါးသည်ကို အားကျလို့

![မုန့်ဟင်းခါးဆိုတာ စားစရာတစ်ခုသာ မကပါဘူး။၊ ဓလေ့တစ်ခုပါ။](https://1347592229-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M8TVj-GxWR_WffCFklv%2F-M8VilA8iK1DDLbUVaX8%2F-M8VkPu_gA228NY1zep8%2FMohinga_stall%2C_Mandalay%2C_Myanmar.jpg?alt=media\&token=aa24a233-4bf4-46fe-a161-a4d2e1376ef1)

## **၁။ နိဒါန်း**

မုန့်ဟင်းစားဆိုင်မှာထိုင်ပြီး မုန့်ဟင်းခါးမှာစားရတဲ့ အရသာရဲ့ ထူးခြားပုံကို စားဖူးသူတိုင်း သိကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မုန့်ဟင်းခါးရဲ့ အရသာကို လိုသလို ပြင်ဆင်လို့ရသလို၊ အကြော်၊ ငါးဖယ်၊ ဘဲဥ စတဲ့ ကိုယ်နှစ်ခြိုက်တဲ့ အဆာပလာတွေ အလွယ်တကူ ထပ်ဖြည့်နိုင်လို့ပါပဲ။ စားပြီးတဲ့အခါမှာ မုန့်ဟင်းရည်လေး နည်းနည်းလောက် ပေးပါဦးဆိုပြီး အရသာခံသောက်ကြတာဟာလည်း စားသူအတော်များများရဲ့ အလေ့အထတစ်ခုပေါ့။ တစ်ချိန်တည်းမှာပဲ မုန့်ဟင်းခါးသည်ကလည်း သူ့ဆိုင်ကို အားပေးသူတွေက ဘယ်လို အရသာကို ကြိုက်ကြတယ်ဆိုတာ သိနိုင်တဲ့အပြင် ဒီနေ့ ဟင်းရည်က ပေါ့သွားသလား၊ လေးနေသလား စသဖြင့် အားပေးသူတွေရဲ့ အသံကို ပြန်နားစွင့်နိုင်ပါတယ်။

အဲသလို မုန့်ဟင်းခါးကို စေတနာပါပါရောင်းသူတွေကို အားကျလို့ ခေတ်နီတိကလည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲနီးပါး တင်ဆက်ခဲ့တဲ့ “ဒီမိုကရေစီ အမေးအဖြေ ၈၀” အစီအစဉ်ကို ဖတ်ရှုသူတွေ ဘယ်လို တုံ့ပြန်ခဲ့လဲဆိုတာ ပြန်ပြီး နားစွင့်ကြည့်ပါတယ်။ ဘာ့ကြောင့် အလုပ်ပိုတွေခံပြီး ပြန်တွေးကြည့် ပြန်နားစွင့်နေရတာလဲလို့ မေးရင် ခေတ်နီတိ စာဖတ်သူတွေ အဆင်ပြေမှ ပြေကြရဲ့လားလို့ သိချင်လို့ပါ။

ခေတ်နီတိက ဒီမိုကရေစီနဲ့၊ ပြည်သူ့နီတိနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်နေတဲ့တစ်လျှောက် ပရိသတ်တွေနဲ့ တချို့သော မိတ်ဆွေရင်းခြာများဆီက မေးခွန်းတချို့ကို ကြားရပါတယ်။

* “ဒီလို စာတွေတင်နေတာ ပျင်းစရာမကောင်းဘူးလား။”
* “လူမှုကွန်ရက်ပေါ်မှာ လှတပတ ပုံလေးတွေ၊ ချက်နည်းပြုတ်နည်းတွေ တင်တာ ထားပါတော့။ ဟာသတွေ ပြန်ဝေမျှကြတာလည်း ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီလို ပြည်သူ့နီတိနဲ့ ဒီမိုကရေစီ အကြောင်းအရာတွေကို တင်နေတာ ဖတ်ရော ဖတ်ကြရဲ့လား။ ထိရောက်ပါ့မလား” စသဖြင့် စသဖြင့်ပါပဲ။

ဒီအမြင်တွေကို အကျိုးအကြောင်း အချက်အလက်နဲ့ တုံ့ပြန်ရမှာက ခေတ်နီတိရဲ့ တာဝန်ပါ။ ဒီတာဝန်အရ လွန်ခဲ့တဲ့ ရက်သတ္တပတ်ပေါင်း ၈၀ အတွင်း ပရိသတ်တွေရဲ့ အသံကို နားစွင့်ကြည့်တဲ့အခါ ....&#x20;

{% hint style="success" %}

> [**တင်ဆက်မှု ၈၀ လုံးအတွက် စုစုပေါင်းပြန့်နှံ့ရောက်ရှိမှု ၃,၉၀၉,၉၂၁ ခုရှိခဲ့ပြီး၊ စုစုပေါင်းတုံ့ပြန်ပါဝင်မှု ၂၇၉,၂၈၄ ရှိခဲ့တယ်။** ](https://civicsnow.gitbook.io/80-q-and-a-review/4_conclusion#kh-taiyaaukmhu)

> [**တစ်နှစ်ကျော်ကာလတစ်လျှောက် အခန်းဆက်ဖတ်ရှုခဲ့ကြတဲ့ ပရိသတ်တွေ ရရှိခဲ့တယ်။**](https://civicsnow.gitbook.io/80-q-and-a-review/4_conclusion#kh-taiyaaukmhu)

> [**ပြန့်နှံ့ရောက်ရှိမှု တစ်ခုအတွက် ၃ ကျပ်ခွဲသာ ကုန်ကျပြီး တကယ်ဖတ်ရှုမယ့် တုံ့ပြန်ပါဝင်မယ့်သူတစ်ဦးဆီ ရောက်ရှိဖို့ဆိုရင် ၄၉ ကျပ်ပဲ ကုန်ကျတယ်။** ](https://civicsnow.gitbook.io/80-q-and-a-review/4_conclusion#g-thetthamhu)

> [**ယုတ္တိမကျတဲ့၊ သွေးထိုးလှုံ့ဆော်တဲ့ စကားတွေနဲ့ မှတ်ချက်ပေးသူတွေ နည်းပါးသွားတာကို တွေ့ရတယ်။** ](https://civicsnow.gitbook.io/80-q-and-a-review/4_conclusion#ga-thetyaaukmhu)

> [**အချို့သော စာဖတ်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေနဲ့ စာမျက်နှာတွေ၊ အဖွဲ့တွေထဲမှာ ပြန်လည်ကူးယူဖော်ပြကြပြီး၊ အပတ်စဉ်စကားဝိုင်း၊ စာဖတ်ဝိုင်းတွေအတွက်၊ သင်ကြားရေး အထောက်အကူပြုအဖြစ် သုံးစွဲခဲ့ကြောင်း တွေ့ရှိရတယ်။**](https://civicsnow.gitbook.io/80-q-and-a-review/4_conclusion#ng-ayahititanmhu)
> {% endhint %}

## ဒီမိုကရေစီ အမေး အဖြေ ၈၀ အခြေခံ အချက်အလက်များ

![](https://1347592229-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M8TVj-GxWR_WffCFklv%2F-M8Tz6jpxksbXY9LgqCR%2F-M8TzhbH-QG2EjgNd1Ly%2FUnderstanding%20Democracy%2080%20Questions%20and%20Answers%20cover.jpg?alt=media\&token=cdf8d786-8c8c-4698-950c-80b3b68aa801)

ခေတ်နီတိရဲ့  ဒီမိုကရေစီ အမေး အဖြေ ၈၀ အစီအစဉ်ကို **၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်**မှာ စခဲ့ပါတယ်။ ရေးသားတင်ဆက်ရာမှာ ပါမောက္ခ ဒေးဗစ်ဘီသမ်နဲ့ ဘွိုင်းလ်ကီဗင်တို့ ပြုစုပြီး ယူနက်စကိုက ထုတ်ဝေခဲ့တဲ့ Understanding Democracy: 80 Questions and Answers စာအုပ်ပါ မေးခွန်းတွေကို အခြေခံပြီး ကျောရိုးပြုရေးသားခဲ့တာပါ။ **ရိုးရှင်းတဲ့ နေ့စဉ်သုံးဝေါဟာရ**တွေကို တတ်နိုင်သမျှ အသုံးပြုပြီး၊ တစ်ပုဒ်ချင်းစီအဆုံးမှာ **အနှစ်ချုပ်**တွေ ထည့်သွင်းဖော်ပြထားပါတယ်။

အဓိကအားဖြင့် ဒီတင်ဆက်မှုတွေကို

* အခြေခံ အယူအဆနှင့် မူဝါဒများ
* လူတို့ရဲ့ အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေ
* လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ
* ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ အစိုးရ
* ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း (သို့မဟုတ်) အရပ်ဘက် အဖွဲ့အစည်းနဲ့
* ဒီမိုကရေစီရဲ့ အနာဂတ် ဆိုပြီး အပိုင်းကြီး ၆ ပိုင်း ခွဲခြားထားပါတယ်။

အပတ်စဉ် သောကြာနေ့တွေမှာ တင်ဆက်ခဲ့တာဖြစ်ပြီး ဆွေးနွေးတင်ဆက်မှု အားလုံးက **၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်**နေ့မှာ ပြီးဆုံးခဲ့ပါတယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://civicsnow.gitbook.io/80-q-and-a-review/master.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
