# ၃။ မှတ်မှတ်ရရ တင်ဆက်မှုလေးခု

ပိုအခြေခံကျတဲ့ ကိန်းဂဏန်းတွေနဲ့ ပြောရင်တော့ ပို့စ်တစ်ခုချင်းအတွက် ပျမ်းမျှနှစ်သက်မှု - ၂,၃၄၆ ခု၊ မှတ်ချက် - ၄၅ ခု၊ ပြန်လည်မျှဝေမှု - ၃၉၀ ခု ရှိကြပါတယ်။ ဒါက ပျမ်းမျှပါ။ ပြန့်နှံ့ရောက်ရှိမှု၊ တုံ့ပြန်ပါဝင်မှု အမြင့်ဆုံး၊ အနိမ့်ဆုံးတွေကိုလည်း ခေတ်နီတိ ပရိသတ်က စိတ်ဝင်စားမယ် ထင်ပါတယ်။ ဒီလိုရှိပါတယ် ...

![](https://1347592229-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M8TVj-GxWR_WffCFklv%2F-M8VmrHwqL0atQ3qEKRX%2F-M8VoZawibpAfqKEN87e%2F77.png?alt=media\&token=e6e92f0b-3598-45fd-ab35-fa277e7fa8c3)

**တုံ့ပြန်ပါဝင်မှု အများဆုံး**ဖြစ်ခဲ့တဲ့ တင်ဆက်မှုကတော့ ... **၇၇။ နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်သလဲ** ဆိုတဲ့ တင်ဆက်မှုပဲ ဖြစ်ပါတယ်။ ဒီတင်ဆက်မှုမှာ တုံ့ပြန်ပါဝင်မှု ၁၁,၆၅၄ ထိ ရှိခဲပါတယ်။ တစ်ချိန်တည်းမှာပဲ မေးခွန်း ၈၀ ထဲမှာ ၇,၅၅၆ ခုအထိ **နှစ်သက်မှု အများဆုံး**ရတဲ့ ပို့စ်လည်း ဖြစ်ခဲ့ပါတယ်။

![](https://1347592229-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M8TVj-GxWR_WffCFklv%2F-M8VmrHwqL0atQ3qEKRX%2F-M8VocvFICuXGs8IjT-i%2F35.png?alt=media\&token=f256b71e-d499-4f6c-86bf-2e5dc99b40d5)

**တုံ့ပြန်ပါဝင်မှု အနည်းဆုံး**သာရခဲ့တဲ့ တင်ဆက်မှုကတော့ ... **၃၅။ မဲပေးဖို့စာရင်းသွင်းရတဲ့ လုပ်ငန်းစဉ်တွေက ဘယ်လို ဖြစ်သင့်သလဲ** ဆိုတဲ့ တင်ဆက်မှုပါပဲ။ ဒီတင်ဆက်မှုမှာ တုံ့ပြန်ပါဝင်မှု ၁,၄၆၈ ခုပဲ ရှိခဲ့ပါတယ်။ အများဆုံးရခဲ့တဲ့ တင်ဆက်မှုနဲ့ ရှစ်ဆလောက် ကွာဟနေတာ သတိထားမိမှာပါ။ ဒီပို့စ်ဟာပဲ ပြန့်နှံ့ရောက်ရှိမှု ၁၈,၆၃၀ ပဲ ရှိခဲ့လို့ **ပြန့်နှံ့ရောက်ရှိမှုလည်း အနည်းဆုံး** ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်သက်မှု (၁,၂၃၀ ခု)၊ ပြန်လည်မျှဝေမှု (၁၀၆ ခု)၊ မှတ်ချက် (၄ ခု) သာရှိခဲ့ပြီး **အနိမ့်ဆုံး နှစ်သက်မှု၊ ပြန်လည်မျှဝေမှုနဲ့ မှတ်ချက်** တို့သာ ရခဲ့တဲ့ တင်ဆက်မှုတစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

![](https://1347592229-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M8TVj-GxWR_WffCFklv%2F-M8VmrHwqL0atQ3qEKRX%2F-M8VogFQf9YiWxXkqa25%2F62.png?alt=media\&token=598c0879-c846-4007-9c8f-78cf0e8f3ae1)

နောက်ထပ် ထူးခြားတဲ့ တင်ဆက်မှုနှစ်ခုအကြောင်း ဆက်အစီရင်ခံပါရစေဦး။ မေးခွန်းအမှတ် **၆၂။ ဖယ်ဒရယ်ဆိုတာ ဘာလဲ၊ ဘယ်အချိန်မှာ ကျင့်သုံးရသလဲ** ဆိုတဲ့ တင်ဆက်မှုကတော့ **ပြန်လည်ဝေမျှမှု အမြင့်မားဆုံး** ၁,၅၃၉ အထိရှိခဲ့ပြီး၊ **ရောက်ရှိပြန့်နှံ့မှု အမြင့်မားဆုံး** ၁၅၉,၈၇၃ အထိ ရှိခဲ့ပါတယ်။

![](https://1347592229-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-M8TVj-GxWR_WffCFklv%2F-M8VmrHwqL0atQ3qEKRX%2F-M8Voka597CPJdCtDrZM%2F69.png?alt=media\&token=8e60c655-7832-4529-a175-7c6250408b41)

မေးခွန်းအမှတ် **၆၉။ ဘာသာရေးကြောင့် ဒီမိုကရေစီ ခရီးတွင်သလား၊ နှောင့်နှေးသလား** ဆိုတဲ့ တင်ဆက်မှုကတော့ **မှတ်ချက်ပေးမှုအများဆုံး** ၁၃၂ ခုရရှိခဲ့ပါတယ်။

ဒါတွေကတော့ သိသာပေါ်လွင်တဲ့ အချက်အလက်တချို့ကို ထည့်တွက်နိုင်ဖို့ပါပဲ။ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ကြည့်လိုက်ရင် စိတ်ဝင်စားမှု မြင့်တာရော နိမ့်တာပါ ရှိနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အများပြည်သူ သိသင့်သိထိုက်တဲ့ နိုင်ငံသားပညာရေး/ပြည်သူ့နီတိဆိုင်ရာ အသိပညာတွေကို တင်ဆက်ရာမှာ ဘယ်လို အကြောင်းအရာကို ဘယ်လိုတင်ဆက်ရင် စိတ်ဝင်စားတယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေက ပိုစိတ်ဝင်စားကြတယ်ဆိုတာ သေချာလေ့လာပြီး တင်ဆက်နိုင်ဖို့ အရေးကြီးပါတယ်။
