> For the complete documentation index, see [llms.txt](https://civicsnow.gitbook.io/80-q-and-a-review/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://civicsnow.gitbook.io/80-q-and-a-review/2_findings.md).

# ၂။ ကိန်းဂဏန်းနှင့် တွေ့ရှိချက်များ

{% hint style="info" %}

### ဘယ်လိုပြန်သုံးသပ်ထားသလဲ

ဒီမိုကရေစီ အမေး အဖြေ ၈၀ ကို တစ်ခုချင်းစီ တင်ဆက်ခဲ့စဉ်တစ်လျှောက် တစ်ပုဒ်ချင်းစီမှာ-

* ပြန့်နှံ့ရောက်ရှိမှု (reach) နဲ့ တုံ့ပြန်ပါဝင်မှု (engagement) တို့အပြင် နှစ်သက်မှု (like)၊ ပြန်လည်မျှဝေမှု (share) နဲ့ မှတ်ချက် (comment) ပေးမှုတွေ ဘယ်လောက်ရကြသလဲဆိုတာ စာရင်းပြုစုပါတယ်
* ဘယ်အကြောင်းအရာတွေကို တင်ဆက်ရာမှာ ပြန့်နှံ့ရောက်ရှိမှုနဲ့ တုံ့ပြန်ပါဝင်မှုတွေ၊ နှစ်သက်မှု၊ ပြန်လည်မျှဝေမှုနဲ့ မှတ်ချက်ပေးမှုတွေ အများဆုံး/အနည်းဆုံး ရသလဲ ဆန်းစစ်ပါတယ်
* အဲဒီနောက် ဒီမိုကရေစီ အမေး အဖြေ ၈၀ ရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ရလဒ်တွေအရ (က) [ဆီလျော်မှု](/80-q-and-a-review/4_conclusion.md#k-sailyaawmhu)၊ (ခ) [ထိရောက်မှု](/80-q-and-a-review/4_conclusion.md#kh-taiyaaukmhu)၊ (ဂ) [သက်သာမှု](/80-q-and-a-review/4_conclusion.md#g-thetthamhu)၊ (ဃ) [သက်ရောက်မှု](/80-q-and-a-review/4_conclusion.md#ga-thetyaaukmhu)၊ (င) [အရှည်တည်တံ့မှု ](/80-q-and-a-review/4_conclusion.md#ng-ayahititanmhu)ဘယ်လောက်ရှိသလဲဆိုတာ ပြန်လည်သုံးသပ်ပါတယ်။

> ဒီအတွက် အချက်အလက်တွေကို **၂၀၂၀ မေလ ၂၅ ရက်**နေ့မှာ ကောက်ယူခဲ့ပါတယ်။
> {% endhint %}

မြန်မာနိုင်ငံမှာ လူဦးရေ ၂၁ သန်းကျော် အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက်မှာ ဒီမိုကရေစီနဲ့ နိုင်ငံသား အသိပညာတွေကို တင်ဆက်ဖော်ပြတဲ့အခါ စိတ်ဝင်စားတဲ့သူတွေရော စိတ်မဝင်စားတဲ့သူတွေပါ ရှိပါတယ်။

![](/files/-M8V90Z1c9mvQ7sylc4p)

အားလုံးခြုံငုံစစ်ဆေးကြည့်ရာမှာ တင်ဆက်မှု ၈၀ လုံးဟာ ပြန့်နှံ့ရောက်ရှိမှု ၃,၉၀၉,၉၂၁ ရှိပါတယ်။ အဲဒါကို ၈၀ နဲ့ စားလိုက်တဲ့အခါ **ပျမ်းမျှ ပြန့်နှံ့ရောက်ရှိမှု ၄၈,၈၇၅ ရရှိပါတယ်။**

> *ခေတ်နီတိရဲ့ တင်ဆက်မှုတစ်ခုဟာ Facebook အသုံးပြုသူ လေးသောင်းကျော် ငါးသောင်းနီးပါးဆီ ရောက်ရှိတယ်ဆိုတာ ဝမ်းသာစရာပါပဲ။*

အဲဒီထဲကမှ စိတ်ဝင်စားတဲ့သူ၊ ဖတ်ရှုနှစ်သက်သူတွေက နှစ်သက်တာ၊ မှတ်ချက်ပေးတာ၊ ပြန်လည်မျှဝေတာ စတဲ့နည်းတွေနဲ့ တုံ့ပြန်ပါဝင်ကြပါတယ်။ အဲဒီလို တုံ့ပြန်ပါဝင်မှုကို ရေတွက်ကြည့်ရာမှာတော့ တင်ဆက်မှု ၈၀ လုံးအတွက် ၂၇၉,၂၈၄ ခု တွေ့ရှိရပါတယ်။ **တစ်ပုဒ်ချင်း ပျမ်းမျှ တုံ့ပြန်ပါဝင်မှု ၃,၄၉၁ ခု** ရှိပါတယ်။ (ဒီလို တုံ့ပြန်ပါဝင်သူတွေကို သတိပြု ဖတ်ရှုမိသူတွေလို့ ယူဆနိုင်ပါတယ်။)

ဒီတင်ဆက်မှုတွေကို ပရိသတ်တွေနဲ့ အလားအလာရှိတဲ့၊ စိတ်ဝင်စားတဲ့သူတွေဆီ ပြန့်နှံ့ရောက်ရှိဖို့ **တစ်ပုဒ်ကို ၁၀ ဒေါ်လာနှုန်း** Facebook ကို ခေတ်နီတိက ပေးချေခဲ့ရပါတယ်။ အပုဒ် ၈၀ လုံးအတွက်ဆိုရင် ဒေါ်လာ ၈၀၀ (လက်ရှိကာလ ငွေလဲနှုန်းနဲ့ဆိုရင် ကျပ် ၁၁ သိန်းကျော် ) ကုန်ကျခဲ့ပါတယ်။

> အဲဒီအတွက် ကျခံသုံးစွဲရတဲ့ ငွေတွေကို တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းမယ့်သူတွေ ရှိလာမယ်လို့ တစ်ခါတစ်ခါ စိတ်ကူးကြည့်မိတယ်။ ထားပါတော့။

အဲဒီအချက်အလက်တွေကို ကောက်ယူပြီးတဲ့အခါ အပိုင်းခြောက်ပိုင်းမှာ တစ်ပိုင်းချင်းစီအလိုက် ဘယ်အပိုင်းက လူတွေကြား ပိုပြန့်နှံ့ခဲ့သလဲ၊ ဘယ်အကြောင်းအရာကဏ္ဍကို လူတွေက ပိုပြီး အားတက်သရော တုံ့ပြန်ကြ၊ ဆွေးနွေးကြ၊ ပြန်လည်မျှဝေကြသလဲဆိုတာ ကြည့်ရအောင်ပါ။ တွေ့ရှိချက်အရ ...

**“ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ အစိုးရ”**နဲ့ပတ်သက်တဲ့အပိုင်းက တင်ဆက်မှု ၁၅ ခုဟာ ပရိသတ်တွေထဲ **အများဆုံး ပြန့်နှံ့ရောက်ရှိ** ခဲ့ပါတယ်။ ဒါပေမယ့် **“ဒီမိုကရေစီရဲ့ အနာဂတ်”** အပိုင်းက တင်ဆက်မှု ၇ ခုကတော့ ပရိသတ်ရဲ့ ပြန်လည်မျှဝေတာ၊ မှတ်ချက်ပေးတာ၊ နှစ်သက်ကြောင်းပြတာ စသဖြင့် **တုံ့ပြန်ပါဝင်မှု အားအကောင်းဆုံး** ရခဲ့ပါတယ်။ (အသေးစိတ် ကိန်းဂဏန်းတွေကို အောက်က ဇယားမှာ ကြည့်ပါ။)

အပိုင်းလိုက်

တင်ဆက်မှု

ခေါင်းစဉ်ကြီးများ

တင်ဆက်မှု

(အရေအတွက်)

ပျမ်းမျှ

ပြန့်နှံ့ရောက်ရှိမှု

ပျမ်းမျှ

တုံ့ပြန်ပါဝင်မှု

ပျမ်းမျှ

ပြန်ဝေမျှမှု

အခြေခံ အယူအဆနှင့်

မူဝါဒများ
| ၁၆                                 | ၃၆,၀၄၂                                      | ၂,၂၆၅                                   | ၃၄၀                                |

လူတို့ရဲ့ အခွင့်အရေးနဲ့

အခြေခံကျတဲ့

လွတ်လပ်ခွင့်တွေ
| ၁၂                                 | ၄၃,၇၃၆                                      | ၃,၀၆၀                                   | ၃၁၇                                |

လွတ်လပ်မျှတတဲ့

ရွေးကောက်ပွဲတွေ
| ၁၉                                 | ၄၄,၄၉၃                                      | ၂,၇၈၇                                   | ၂၈၀                                |

ပွင့်လင်းပြီး

တာဝန်ခံမှုရှိတဲ့ အစိုးရ
| ၁၅                                 | **၆၇,၈၃၃**                                  | ၄,၅၅၄                                   | ၆၃၇                                |
| ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း                                                                                   | ၁၁                                 | ၅၂,၃၄၄                                      | ၄,၁၂၂                                   | ၄၁၅                                |
| **ဒီမိုကရေစီရဲ့ အနာဂတ်**                                                                                         | ၇                                  | ၅၂,၈၂၅                                      | **၅,၆၇၆**                               | ၃၆၂                                |